ပျိုမေများ တင် အချိုးကျကျ ငွါးငွါးစွင့်စွင့် လှစေဖို့ လေ့ကျင့်ခန်း
25-Feb-2017
အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါးတင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စားကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကားတဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲမရှိ မီးဖွားပေးနိုင်တယ်လို့ သင်မထားပေမယ့် အမျိုးသားတွေရဲ့ ဦးနှောက်မှာ ဒီလိုအချိုးဆို ဒီလိုကြိုက်တဲ့ အသိရှိနေတာဖြစ်ပါတယ်။ တင်ကိုငွါးငွါးစွင့်စွင့်လေးဖြစ်စေဖို့ လုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်တာက pelvis အရိုးကွင်း ကျယ်လာစေမှာမဟုတ်ပေမယ့် အဲဒီအပေါ်ကို ကြွက်သား ထပ်အုပ်ပေးတဲ့ သဘောပါ။
Side Lunge
(A) ခြေထောက်ကို တင်ပါးနဲ့ တစ်တန်းထဲမှာထားပါ။ အလေး တစ်ခုစီကို လက်တစ်ဘက်စီမှာ ကိုင်ပြီး ကိုယ်ကိုမတ်မတ်နေပါ။
(B) ညာဘက်ခြေကို ဘေးသို့ဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး ဘယ်ဒူးကို ကွေးချပါ။ အလေးနှစ်နှစ်ခုဟာ ဘယ်ခြေရဲ့တစ်ဖက်တစ်ချက်မှာ ရှိပါစေ။ လုပ်နေစဉ်အတွင်းမှာ တင်ပါးသားကို အနောက်သို့ ပစ်ထားဖို့လိုပါမယ်။
(C) မူလအနေအထားတိုင်း ပြန်သွားပြီး တစ်ဖက်သို့ပြောင်းပါ။ ဘယ်၊ ညာ တစ်ဘက်စီကို ၁၀ ကြိမ် မှ ၁၂ ကြိမ်ထိ လုပ်ပေးပေးရပါမယ်။
Side Step Ups
(A) လှေကားဖြစ်ဖြစ်၊ ခွေးခြေဖြစ်ဖြစ် မြင့်တဲ့နေရာ တစ်ခုပေါ်ကို ဘယ်ခြေထောက်ကို တင်ထားပြီး ကိုင်ထားတဲ့ အလေးကို ဘယ်ပုခုံးနဲ့ ကပ်ထားပါ။
(B) ဘယ်ခြေကိုအားပြုရင်း ညာခြေကို အရှေ့သို့လှမ်းကန်ပါ။ ဟန်ချက်မပျက်အောင် ညာလက်ကို ပုံမှာပြထားတဲ့အတိုင်း ဘေးသို့ဆန့်တန်းထားရပါမယ်။ ၁ဝကြိမ်ပြည့်အောင်လုပ်ပြီး နောက်တစ်ဖက် ဘက်ပြောင်းပါ။
Hip Abductor
(A) မတ်တပ်ရပ်အနေအထားမှာ ဘယ်ခြေကို ညာခြေအရှေ့မှာ ထားပါ။ ခါးမကိုင်းမိစေဖို့ ဂရုပြုပါ။
(B) ဘယ်ဘက်ခြေထောက်ကို မူလနေရာမှဘေးတိုက် အဝေးသို့လွှဲပါ။ လွှဲနေစဉ်မှာ ဒူးမကွေးစေဖို့ သတိပြုရပါမယ်။ လေ့ကျင့်ခန်း တစ်ခေါက်လုပ်တိုင်း ၁၂ ကြိမ်လွှဲပေးရပါမယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
New Myanmar News
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

